For diseases related to COVID-19, our second time donation for the Burmese people:

For diseases related to COVID-19, our second time donation for the Burmese people:

  • 05-04-2020
  • opshead
  • donation , AA Medical Products Ltd , CSR activity , COVID19

COVID-19 ကပ်ရောဂါအတွက် မြန်မာပြည်သူ၊ ပြည်သားများအတွက် အုပ်တစ်ချပ်သဲတစ်ပွင့် အလှူဒုတိယအကြိမ်

1. Automatic နည်းလမ်းဖြင့် တိကျမြန်ဆန်စွာ COVID-19 ရောဂါရှိမရှိ (၈)နာရီအတွင်း လူပေါင်း (၃၈၀) ကျော်၊ ၂၄ နာရီအတွင်း လူပေါင်း (၁၃၀၀) ကျော်ကိုစစ်ဆေးနိုင်သော Cobas 6800 Analyser စက်တစ်လုံး (Made in Switzerland)၊

2. Cobas 6800 analyser စက်နှင့်တွဲဖက်၍ လူအယောက် (၁၁၀၀) ကျော်အထိ စစ်ဆေးနိုင်သည့် ရောဂါရှာဖွေရေးဆေးရည် Reagent (Made in USA)၊

3. အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း (NHL) ​၏ Virology Lab အဆင့်မြှင့်တင်မှူလှူဒါန်းခြင်း (lab renovations including Air corn & lab fixtures/fittings)

စုစုပေါင်း တန်ဖိုးကျပ် 835,200,000/- (ကျပ်သိန်း - ၈၃၅၂သိန်း) ကို ယနေ့ ၅.၄.၂၀ (တနင်္ဂနွေ) တွင် ကျိုက်ကဆံအားကစားကွင်း၊ ပြည်ထောင်စုခန်းမတွင် ကျင်းပပြုလုပ်သော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ပါတယ်။

Roche Diagnostic Medical Device Company မှ Covid-19 ရောဂါ ရှိမရှိ Automatic စနစ်ဖြင့် တိကျမြန်ဆန်စွာ စစ်ပေးနိုင်သော Roche Cobas 6800 Analyser စက်တစ်လုံးနှင့် တွဲဖက်သုံးစွဲရမည့် SARS-CoV-2 Reagent အသစ်ကိုတီထွင်ပြီးပြီးခြင်း US FDA တွင် မှတ်ပုံတင်ရရှိပြီးသည်နှင့်တပြိုင်နက် မြန်မာပြည်အတွက် ခွဲတမ်းရနိုင်ရန် ကြိုးစားခဲ့ရာ American နိုင်ငံမှ Frankfurt လေဆိပ်သို့ရောက်ရှိနေပြီဖြစ်ပါသည်။ US president, Indonesia president အပါအဝင် နိုင်ငံကြီးများက Roche Diagnostic ထံ လုယက်ဝယ်ယူနေကြချိန်တွင် မြန်မာနိုင်ငံ​၏ Distributor ဖြစ်သော AA Medical Products Ltd ​၏တောင်းဆိုမှူ၊ လှူဒါန်းလိုမှူကို ယုံကြည်စွာ နိုင်ငံကြီးများနည်းတူ ဦးစားပေးခဲ့ပါသော Roche Diagnostic အား၎င်း၊ လက်ခံစီစဉ်ဆောင်ရွက်ပေးပါသော NHL မှတာဝန်ရှိသူများအား၎င်း၊ အလှူလက်ခံပေးပါသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအား၎င်း၊ Covid ကာလတွင် ကျန်းမာရေးစောင့်ရှောက်မှူလုပ်ငန်းများအတွက် မငြီးမငြူတာဝန်ထမ်းဆောင်ကြသော AA Medical Products Ltd မှဝန်ထမ်းများအား၎င်း ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်မတို့ရဲ့ COVID-19 အတွက် ပထမအကြိမ်နှင့် ဒုတိယအကြိမ်လှူဒါန်းမှူ ကျပ် သိန်း (8852)သိန်းမှာ COVID-19 ရောဂါရှာဖွေ၊ ကုသရေးအတွက် အထောက်အကူတစ်စုံတစ်ရာရလိမ့်မယ်လို့ မျှော်လင့်ပါတယ်🙏🙏🙏

For diseases related to COVID-19, our second time donation for the Burmese people:

1. One Cobas 6800 analyzers (made in Switzerland) that can automatically, quickly, and efficiently test for COVID-19.

2. A reagent (made in the U.S.) that can detect diseases in over 1100 people alongside the Cobas 6800 analyzer.

3. The donation for the renovation (including air-con and lab fixtures and fittings) of the National Health Laboratory’s (NHL) Virology Lab

..... was worth 835.2 million kyats. This sum of money was donated today (Sunday, April 5th, 2020) to the National COVID-19 Central Committee (which is dedicated to protecting and curing citizens from and managing COVID-19). The analyzer and reagent have been approved by the United States Food and Drug Administration (USFDA), and immediately after this approval, we’ve tried to import these products to Myanmar. We deeply thank and appreciate Roche Diagnostics, the employees of AA Medical Products Ltd. (Myanmar’s leading distributor), NHL officials, the Ministry of Health and Sports for their care during this COVID-19 period. AA Medical Products Ltd is very happy and honoured that our both donations (worth 885.2 million kyats) within a month can be a help for the healthcare of Myanmar people and our mother land.🙏🙏🙏