General Donation

  • Home
  • General Donation
Pacific-AA Group မှ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ဝန်ထမ်းတစ်ဦးချင်းစီအား Living Allowance (ရှားပါးစရိတ်ကို ) ဝန်ထမ်းလစာ၏ ၁၀% မှ ၃% နှုန်းဖြင့် ထပ်ဆောင်းပေးခြင်းနှင့် တစ်တင်းခွဲဆန် တစ်အိတ်စီနှင့် ဆီ (၅) ပိဿာစီကို မေတ္တာဖြင့်ထောက်ပံ့ပေးအပ်ခြင်း

Pacific-AA Group မှ ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ဝန်ထမ်းတစ်ဦးချင်းစီအား Living Allowance (ရှားပါးစရိတ်ကို ) ဝန်ထမ်းလစာ၏ ၁၀% မှ ၃% နှုန်းဖြင့် ထပ်ဆောင်းပေးခြင်းနှင့် တစ်တင်းခွဲဆန် တစ်အိတ်စီနှင့် ဆီ (၅) ပိဿာစီကို မေတ္တာဖြင့်ထောက်ပံ့ပေးအပ်ခြင်း

Pacific-AA Group မှ ဝန်ထမ်းအားလုံး၏ သက်သာချောင်ချိရေးအတွက် ဝန်ထမ်းတစ်ဦးချင်းစီအား Living Allowance (ရှားပါးစရိတ်ကို ) ဝန်ထမ်းတစ်ဦးချင်းစီရရှိသည့် လစာ၏ ၁၀% မှ ၃% နှုန်းဖြင့် ထပ်ဆောင်းပေးခြင်းနှင့် တစ်တင်းခွဲဆန် တစ်အိတ်စီနှင့် ဆီ (၅) ပိဿာစီကို မေတ္တာဖြင့်ထောက်ပံ့ပေးအပ်ခြင်း 🙏🙏🙏

✍️ Pacific-AA Group ၏ ဝန်ထမ်းများအားလုံး၏ သက်သာချောင်ချိရေး အတွက် ရှေးရှု၍ Pacific-AA Group ၏ Management မှ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ( ၂ ) ရက်နေ့တွင် ဝန်ထမ်းတစ်ဦးချင်းစီအား တစ်တင်းခွဲ ဆန် တစ်အိတ်စီနှင့် ဆီ (၅) ပိဿာစီ အား မေတ္တာဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ Pacific-AA Group ရှိဝန်ထမ်းအားလုံးအား မေတ္တာဖြင့် ထောက်ပံ့ပေးအပ်ခဲ့သည့် ဆန်နှင့်ဆီ စုစုပေါင်း တန်ဖိုးမှာ ကျပ် သိန်းပေါင်း ၁၆၆၀ ကျော်ဖြစ်ပါသည်။

✍️ထို့အပြင် Pacific-AA Group မှဝန်ထမ်းအသီးသီး ကြုံတွေ့နေရသော အခက်အခဲများကို နားလည်သဘောပေါက်စာနာသောအားဖြင့် ကုမ္ပဏီ၏ Management မှဝန်ထမ်းအသီးသီးအတွက် Living Allowance (ရှားပါးစရိတ်ကို ) ၂၀၂၂ ခုနှစ် ဩဂုတ်လမှ စတင်ပြီး လစာ အနည်းမှ အများပေါ်မူတည်၍ ဝန်ထမ်းတစ်ဦးချင်းစီရရှိသည့် လစာ၏ ၁၀% မှ ၃% နှုန်းဖြင့် ထပ်ဆောင်းပေးအပ်ခဲ့ပါသည်။

✍️ယခုလိုအကြပ်အတည်းကာလတွင် ချစ်ခင်ရသောဝန်ထမ်းများအတွက် တစုံတရာ အထောက်အကူဖြစ်စေနိုင်ရန်ရည်ရွယ်၍ မေတ္တာဖြင့် ဝန်ထမ်းအသီးသီးအား ဆန်နှင့်ဆီထောက်ပံ့ပေးအပ်ခဲ့သော ကြည်နူးဖွယ် လှူဒါန်းခြင်း ပုံရိပ်များအား ဝေမျှပေးလိုက်ရပါတယ် ။ 👏👏👏

#PacificAAGroup #AAMedicalProductsLtd #PacificMedicalIndustriesLtd #AAMarketingCoLtd #AMTTCoLtd