Events & Activities

  • Home
  • Events & Activities
အသည်း ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ

အသည်း ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ

2019 ဇူလိုင်လ (28)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့အသည်းရောင်ရောဂါနေ့ကို ဂုဏ်ပြုသောအားဖြင့် Pacific AA Foundation ၊အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း (မြန်မာ) နှင့် Hepalucky အသည်းအားဆေး တို့မှ ပူးပေါင်း၍ အသည်း ကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာပေး ဟောပြောပွဲကို သူနာပြု တက္ကသိုလ် ရန်ကုန်တွင် 2019 ခုနှစ်ဇူလိုင်လ (7)ရက်နေ့ နေ့လည်(2)နာရီမှ ညနေ(5)နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါပွဲတွင် အဖွင့်ှ နှုတ်ခွန်းဆက်စကား ကို AA Medical Product Ltd ,Pacific AA Group ၏ Deputy Managing Director ဒေါက်တာ စောနေနွယ်မှ ပြောကြားခဲ့ပြီးအသည်းရောဂါအထူးကု ပါမောက္ခဆရာကြီး ဒေါက်တာကျော်စိုးထွန်းမှ ''2019 ခုနှစ် အသည်းပြသာနာများ'' ခေါင်းစဉ်ဖြင့် အသည်းကျန်းမာရေး ဗဟုသုတများကို ဟောပြောပေးခဲ့ ကာ တက်ရောက်လာသူများမှလည်း မေးခွန်းများမေးမြန်းခဲ့ပါသည်။ ဒါ့အပြင် နိုင်ငံကျော် အဆိုတော် ဝေလ မှလဲ Free show အနေဖြင့် သီချင်းများစွာ ကိုဖျော်ဖြေပေးခဲ့ပြီး ဧည့်သည် အဖြစ် အဆိုတော်ရှမ်းလေးနှင့် နေမင်းအိမ်တို့မှလည်း သီချင်းများသီဆိုဖျော်ဖြေပေးခဲ့ပါတယ်။ ကြွရောက်လာသူ ပရိသတ်များနှင့် အတူ Hepalucky မှ ပျော်ရွှင်စရာ Game အစီအစဉ်များလဲ စီစဉ်တင်ဆက်ခဲ့ပါသည်။

ပွဲတွင် Hepalucky အသည်းအားဆေးကို အထူးဈေးနှုန်း ဖြင့် ရောင်းချပေးခဲ့ပြီး ဝယ်ယူအားပေးသူ Customers များအတွက်လည်း Hepalucky ဆေး(2)ဘူးဝယ် လျှင် ကံစမ်းမဲ တစ်စောင်နှုန်းဖြင့် ACCU - CHEK Performa Kit Glucometer (10) လုံး နှင့် Hepalucky အသည်းအားဆေးဘူး (90) တို့အား ကျေးဇူးတုံ့ပြန် မဲဖောက်ပေးခဲ့ပါတယ်။ Hepalucky အသည်းအား ဆေးမှာ Arginine , Vitamin B1, Vitamin B2 နှင့် Vitamin C တို့ပါဝင်တဲ့အတွက်ကြောင့် အရက်ကြောင့်ဖြစ်စေ၊ ရောဂါကြောင့်ဖြစ်စေ၊ အဆီအစားများလို့ဖြစ်စေ၊ ဆေးများကြောင့်ဖြစ် စေ၊ အသည်းအဆီဖုံးခြင်း၊အသည်းခြောက်ခြင်း အသည်းအဆိပ်အတောက်ဖြစ်ခြင်းတို့ကို ကာကွယ်သန့်စင်ပေး နိုင် ပါတယ်။ Hepalucky အသည်းအားဆေးကို တစ်နေ့ တစ်လုံး ပုံမှန်သောက်သုံးခြင်းအားဖြင့် အသည်းရောဂါ ပြသာနာများကို ကောင်းစွာကာကွယ်နိုင်ပြီး၊ ပိုမိုကျန်းမာ စေမှာဖြစ်ပါတယ်။ Hepalucky အသည်းအားဆေးကို AA Medical Product Ltd ,Pacific (AA Group) မှ တင်သွင်းဖြန့်ချီပါတယ်။ Hepalucky အသည်းအားဆေးကိုအမြို့မြို့အနယ်နယ်ရှိဆေးဆိုင်တိုင်းနှင့် Hot line phone-09762244441 တို့မှာလည်း ဝယ်ယူရရှိနိုင်သည့်အပြင် www.onlineshop.aa.com.mm မှာလည်းတိုက်ရိုက်ဝယ်ယူရရှိနိုင်ပါသည်။ #PacificAAFoundatiomln #Hepalucky #2019WorldHepatitisDay #LiverHealth #WaiLa