Events & Activities

  • Home
  • Events & Activities
"နောက်ဆုံးပေါ် ကိုဗစ်ရောဂါကုသဆေး  PACLOVID (Nirmatrelvir 150mg; Ritonavir 100mg) (သောက်ဆေး) အား ဆရာဝန်ဆေးညွှန်းစာပြသ၍ ယနေ့ မှ စတင်ပြီး ဝယ်ယူနိုင်ပါပြီ"

"နောက်ဆုံးပေါ် ကိုဗစ်ရောဂါကုသဆေး PACLOVID (Nirmatrelvir 150mg; Ritonavir 100mg) (သောက်ဆေး) အား ဆရာဝန်ဆေးညွှန်းစာပြသ၍ ယနေ့ မှ စတင်ပြီး ဝယ်ယူနိုင်ပါပြီ"

"နောက်ဆုံးပေါ် ကိုဗစ်ရောဂါကုသဆေး PACLOVID (Nirmatrelvir 150mg; Ritonavir 100mg) (သောက်ဆေး) အား ဆရာဝန်ဆေးညွှန်းစာပြသ၍ ယနေ့ မှ စတင်ပြီး ဝယ်ယူနိုင်ပါပြီ"👏👏👏

မိဘပြည်သူများခင်ဗျာ 🙏 🙏 🙏

💊 နောက်ဆုံးပေါ် ကိုဗစ်ရောဂါကုသဆေး (သောက်ဆေး) အဖြစ် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့အစည်း (WHO) အပါအဝင် US FDA, UK MHRA, Korea FDA, Singapore FDA အစရှိသော ကမ္ဘာ့ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ကျန်းမာရေး အဖွဲ့အစည်း များမှ ထောက်ခံထားသော PAXLOVID (Nirmatrelvir 150mg; Ritonavir 100mg) သောက်ဆေးအား နိုင်ငံတကာအဆင့်မီ အနောက်တိုင်းဆေးဝါးစက်ရုံ Pacific Medical Industries Ltd မှ branded generic “PACLOVID ” အမည်ဖြင့်ထုတ်လုပ် အောင်မြင်ခဲ့ပြီး Myanmar FDA မှ ထောက်ခံစာအမှတ် (2308ND012) ဖြင့် ခွင့်ပြုချက်ရရှိပြီးဖြစ်သည့်အပြင် ဆေးစတင်ရရှိပြီဖြစ်ပါသောကြောင့် ယနေ့မှ စတင်၍ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

💊PACLOVID ( Nirmatrelvir 150mg; Ritonavir 100mg) ဆေးသည်

✅Covid-19 ရောဂါကြောင့် ဆေးရုံတက်ရသည့်နှုန်းလျော့နည်းစေခြင်း ၊

✅Covid-19 ရောဂါ ဆိုးရွားစွာ ကူးစက်ခံနေရသူများ စောလျင်စွာကုသနိုင်ပါက သေဆုံးမှုနှုန်းအား ၉၀% ထိလျော့ချပေးနိုင်ခြင်း

✅delta နှင့် omicron မျိုးစိတ်များအား (ဓါတ်ခွဲစမ်းသပ်ချက်အရ) အောင်မြင်စွာ ကုသနိုင်ခြင်း၊

✅အသက် ၁၂ နှစ် အထက် ကိုယ်အလေးချိန် 40kg အထက်ကလေးများအား ကုသမှုပေးနိုင်ခြင်း စသည်ကောင်းကျိုးများရှိသည့် နောက်ဆုံးပေါ်ကိုဗစ်ကုသဆေး (သောက်ဆေး) ဖြစ်သည့်အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO အပါအ၀င် US FDA, UK MHRA, Korea FDA, SIngapore FDA အပါအဝင် ကမ္ဘာ့ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ကျန်းမာရေး အဖွဲ့အစည်း များမှ ကုသမှုအပိုင်းတွင် အောင်မြင်မှုအမြင့်ဆုံးသောက်ဆေးအဖြစ်ထောက်ခံထားသည့်ဆေးဖြစ်ပါသည်။

✍️PACLOVID ( Nirmatrelvir 150mg; Ritonavir 100mg) ဆေးအားအောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သော Pacific Medical Industries Ltd သည် နိုင်ငံတာကာအဆင့်မှီ Manufacturing equipments များကိုအသုံးပြုထားသည့် ခေတ်မှီအနောက် တိုင်းဆေးဝါး စက်ရုံဖြစ်ပြီး အရည်အသွေးပိုင်း ဆိုင်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ Good Manufacturing Practice (WHO’s cGMP) စံစနစ်အတိုင်း လိုက်နာကျင့်သုံး လျက်ရှိသော ဆေးဝါးစက်ရုံဖြစ်ပါသည်။ ထို့အပြင် အမေရိကန်နိုင်ငံ ANAB (ANSI National Accreditation Board မှ ကုန်ကြမ်း/ကုန်ချောများကို တိကျမှန်ကန်အဆင့်မြင့်စွာ အရည်အသွေးစစ်ဆေးခြင်း (ISO Testing and Calibration Laboratories )အတွက် ISO/IEC 17025:2017 Certificate No. AT-3067 အားအောင်မြင်စွာ ရရှိထားခဲ့သည့် ဆေးဝါးစက်ရုံဖြစ်ပြီး မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဆေးဝါးစက်ရုံများထဲတွင် ISO/IEC 17025:2017 Certificate ပထမဆုံးရရှိထား သော၊ တစ်ခုထဲသော ဆေးဝါးစက်ရုံဖြစ်ပါသည်။ အမေရိကန်နိုင်ငံ ANAB (ANSI National Accreditation Board ) မှ ပေးအပ်သော ISO 17025:2017 Certificate အား မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (Myanmar FDA)၏ Pharmaceutical Chemistry Laboratory မှလည်း ရရှိထားပြီး ကျွန်ုပ်တို့၏ Pacific Medical Industries Ltd ဆေးဝါးစက်ရုံမှာ Myanmar FDA ပြီးလျှင် ဒုတိယမြောက်ရရှိခဲ့သော ပြည်တွင်းဆေးဝါးစက်ရုံလည်းဖြစ်ပါသည်။

💊 PACLOVID ကိုဗစ်ကုသဆေးအား ကိုဗစ်ကုသရေးဆရာဝန်များ၊ ဆေးရုံဆေးခန်းများနှင့်ဆေးဆိုင်ကြီးများအနေဖြင့် ဆရာဝန်ဆေးညွှန်းစာ ၊ ဆေးအမှာစာ request letter များဖြင့် ယနေ့ စတင်၍ဝယ်ယူနိုင်ပြီဖြစ်ပါသည်။ PACLOVID ဆေးတစ်ဘူး (၁၀လုံးကဒ် ၃ကဒ်) လျှင် ၂၅၀,၀၀၀ ကျပ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ပါသည်။

💊အများပြည်သူများအနေဖြင့် PACLOVID ( Nirmatrelvir 150mg; Ritonavir 100mg) ဆေးအား ဝယ်ယူလိုပါက AA Medical Products Ltd ၏ အောက်ပါ ဖုန်းနံပါတ်နှင့်လိပ်စာများ အားဆက်သွယ်၍ ဆရာဝန်ဆေးညွှန်းစာပြသပြီး ဝယ်ယူနိုင်ပါသည်။

✍️ PACLOVID (Nirmatrelvir 150mg; Ritonavir 100mg) ဆေးအား ဝယ်ယူလိုပါက Viber ဖုန်းနံပါတ် 📞09-445023342 📞09-445023362 📞09-445023372 📞09-445023336 📞09-440557476 များ သို့ ဆရာဝန်ဆေးညွှန်းစာ သို့မဟုတ် ဆေးရုံ ဆေးခန်းမှ request letter ပေးပို့ပြီးယနေ့စတင်၍ ဝယ်ယူနိုင်သည့်အပြင်

✅ရွှေမင်္ဂလာစျေးတွင် ဖွင့်လှစ်ထားသော ဆေးဆိုင် အမှတ် တ-၁၆၁ နှင့် တ-၁၆၂ ၊ တတိယထပ် ရှိ AA Medical Products Ltd wholesale ဆိုင် ဖုန်းနံပါတ် 09-420151507 ၊ 09-421040995 သို့ဖြစ်စေ ✅ဗိုလ်ချုပ်စျေးသစ်တွင် ဖွင့်လှစ်ထားသော ဆေးဆိုင်အမှတ် (၄၂၃ ) Junction City ဘေး ၊ မြေညီထပ် ရှိ AA Medical Products Ltd wholesale ဆိုင် 09-795971138 သို့ဖြစ်စေ ဆက်သွယ်စုံစမ်းဝယ်ယူနိုင်ပါသည်။

✍️ နယ်ရုံးခွဲများသို့လည်း ယနေ့စတင်ပို့ဆောင်မည်ဖြစ်ပြီး နယ်ရုံးခွဲအသီးသီးသို့ ၁-၂ ရက်အတွင်းရောက်ရှိနိုင်မည်ဖြစ်ပါသောကြောင့် နယ်များမှ ကိုဗစ်ရောဂါကုသရေးဆရာဝန်များ ဆေးရုံဆေးခန်းများအနေဖြင့် အောက်ပါလိပ်စာနှင့် ဖုန်းနံပါတ် များသို့ ဆက်သွယ်၍ ဆရာဝန်ဆေးညွှန်းစာ သို့မဟုတ် ဆေးရုံ/ဆေးခန်းမှ request letter ပေးပို့ပြီး ဝယ်ယူနိုင်မည်ဖြစ်ပါသည်။

📌Mandalay - 09-444638808/ 09-256015947/ 09-256022062/ 09-252222059/ 09-258863597/ 09-401613615 Address - No 233,Corner of 26th x 82 th Street, Chan Aye Thar Zan ,Mandalay. Ph : 02-72805,30040,30041,31291, 02-30723,30724,30725

📌Monywa - 09-456449977/ 09-451347910 Address - No. 51, Marlar Street, Kwaygyi Ward, Monywa. Ph : 071-26553, 26554

📌Nay Pyi Taw - 09-250293296 Address - Za/21, Ziwaka Room, Tha Pyay Kone Market, Zabuthiri Tsp, Naypyitaw. Ph: 067-8108186 - 87

📌Taunggyi - 09-253931662 Address - No.188, Shwe Hinthar Road , Nyaung Shwe Hawkone Ward, Taunggyi Ph: 081-201762,201763

📌Lashio - 09-776874759 Address - No. 20, Hninsi 2nd Street, 1st Ward, Lashio. Ph : 082-2203920

📌Myitkyina- 09-449203337 Address : No. 603, Khaymar Thiri 8 Street, Khaymar Thiri Ward, Myitkyina. Ph : 074-2521161/2520473

📌Magway - 09-790710415 Address : No.B/122, Lanamdaw 1st Street, Sar Se Ward, Magway. Ph : 063-25334,25383,25347,25523

📌Pathein - 09-422470302 Address : No. 716,Sakawar Street, 3rd Ward, Pathein. Ph : 042-23764,23245

📌Pyay -09-794113507/ 09-250728275 Address - No. 79, Pansodan Street , Shwe Ku Ward, Pyay. Ph : 053-24843

📌Mawlamaying - 09-425268289/ 09 425751885 Address - No. 14, Yadanar Street, Mayangon Ward, Mawlamying. Ph : 057-27370,27371,25789

📌Myeik - 09-254099039/ 09-43191430 Address - No(144), Kanpak Street, Myitnge Ward, Myeik. Ph : 059-42935

📞PACLOVID (Nirmatrelvir 150mg; Ritonavir 100mg) ဆေးဝါးနှင့်ပတ်သတ်၍ ဆေးဝါးအကြောင်းပိုမို သိရှိလိုပါက 095135744, 095117169, 095135742, 09425751897 စသည့်ဖုန်းနံပါတ်များသို့ဆက်သွယ်နိုင်ပါသည် ။

✍️ PACLOVID သောက်ဆေးသည် ဆရာဝန်ညွှန်ကြားချက်နှင့်သာသောက်သုံးရမည့် ကိုဗစ်ရောဂါကုသဆေးဖြစ်ပါသည်။

#PACLOVID

#AAMedicalProductsLtd

#PacificMedicalIndustriesLtd