General Donation

  • Home
  • General Donation
Pacific AA Group ဝန်ထမ်းများအတွက် မေတ္တာဖြင့် ဒုတိယအကြိမ်မြောက် ဆန်၊ ဆီ၊ ဆေးဝါး ထောက်ပံ့လှူဒါန်းခြင်း

Pacific AA Group ဝန်ထမ်းများအတွက် မေတ္တာဖြင့် ဒုတိယအကြိမ်မြောက် ဆန်၊ ဆီ၊ ဆေးဝါး ထောက်ပံ့လှူဒါန်းခြင်း

Pacific-AA Group ၏ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ လားရှိုး၊ မြစ်ကြီးနား၊ မုံရွာ၊ မကွေး၊ မော်လမြိုင်၊ ပုသိမ်၊ မြိတ်ရုံးများရှိဝန်ထမ်း ၁၂၀၀ ၏သက်သာချောင်ချိရေးအတွက် ဒုတိယအကြိမ်မြောက် ဝန်ထမ်းတစ်ဦးချင်းစီအား ဧရာဝတီရွှေဘိုပေါ်ဆန်းဆန် တစ်တင်းခွဲ (၂၄ပြည်) ဆန် တစ်အိတ်စီ၊ ဆီ (၅) ပိဿာစီ နှင့် အားဆေး (၁)ဘူးစီ တန်ဖိုးစုစုပေါင်း ကျပ် ၁,၃၇၈ သိန်းကျော်ထောက်ပံ့ခြင်း အပြင် Living Allowance (ရှားပါးစရိတ်ကို ) ဝန်ထမ်းတစ်ဦးချင်းရရှိသည့် လစာ၏ ၃% မှ ၁၀% နှုန်းဖြင့် (လစဉ်) မေတ္တာဖြင့် ဝန်ထမ်း (၁၂၀၀) အား ထောက်ပံ့ပေးအပ်ခြင်း 🙏🙏🙏

✍️Pacific-AA Group ၏ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ လားရှိုး၊ မြစ်ကြီးနား၊ မုံရွာ၊ မကွေး၊ မော်လမြိုင်၊ ပုသိမ်၊ မြိတ်ရုံးများရှိ ဝန်ထမ်းများအားလုံး၏ သက်သာချောင်ချိရေး အတွက် ရည်ရွယ်ပြီး Pacific-AA Group ၏ Management မှ ၂၀၂၃ခုနှစ်၊ မတ်လ ( 9 ) ရက်နေ့တွင် ဝန်ထမ်းအသီးသီးအား ဧရာဝတီရွှေဘိုပေါ်ဆန်း ဆန်တစ်တင်းခွဲ (၂၄ပြည်) တစ်အိတ်စီ၊ ဆီ (၅) ပိဿာစီ နှင့်အားဆေး (၁)ဘူးစီ အား မေတ္တာဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဝန်ထမ်းအားလုံးအားအတွက် Pacific-AA Group မှ မေတ္တာဖြင့် ထောက်ပံ့ပေးအပ်ခဲ့သည့် ဆန်၊ဆီ၊ ဆေး စုစုပေါင်း တန်ဖိုးမှာ ကျပ် သိန်းပေါင်း ၁၃၇၈ သိန်း ကျော်ဖြစ်ပါသည်။

✍️ထို့အပြင် အထက်ပါ အခြေခံရိက္ခာနှင့်ဆေးဝါးများထောက်ပံ့ခြင်းအပြင် Living Allowance (ရှားပါးစရိတ်ကို) ဩဂုတ်လ ၂၀၂၂မှစတင်၍ ဝန်ထမ်းတစ်ဦးချင်းရရှိသည့် လစာ၏ ၃% မှ ၁၀% နှုန်းဖြင့် လစဉ် တစ်လလျှင် ကျပ်သိန်း၂၆၀ ကျော်ဖြင့် တစ်နှစ်လျှင် ကျပ်သိန်းပေါင်း ၃၁၂၀သိန်းကျော်ကို ၎င်းတို့လစဉ်ရရှိသော လစာ၊ ကော်မရှင်၊ target incentive, ၃လပတ်ဆုကြေး၊ နှစ်ကုန်ဆုကြေးများအပြင် ထပ်ဆောင်း၍မေတ္တာဖြင့် ဝန်ထမ်း (၁၂၀၀) အား ထောက်ပံ့ပေးအပ်လျှက်ရှိပါသည်။

✍️Pacific-AA Group၏ ချစ်ခင်ရသောဝန်ထမ်းများအတွက် သက်သာချောင်ချိရေးနှင့် အထောက်အကူဖြစ်စေနိုင်ရန်ရည်ရွယ်ပြီး မေတ္တာတရားရှေ့ထား၍ ဝန်ထမ်းအသီးသီးအား ဆန်၊ ဆီ၊ ဆေးဝါး ထောက်ပံ့ပေးအပ်ခဲ့သော ကြည်နူးဖွယ် လှူဒါန်းခြင်း ပုံရိပ်များအား ဝေမျှပေးလိုက်ရပါသည် ။ 👏👏👏

#PacificAAGroup #PacificAAFoundation #AAMedicalProductsLtd #PacificMedicalIndustriesLtd #AAMarketingCoLtd #AMTTCoLtd #PacificPSPSyntechCoLtd