General Donation

  • Home
  • General Donation
Pacific AA Group ဝန်ထမ်းများအတွက် မေတ္တာဖြင့် စတုတ္ထအကြိမ်မြောက် ဆန်၊ဆီ  ထောက်ပံ့လှူဒါန်းခြင်း

Pacific AA Group ဝန်ထမ်းများအတွက် မေတ္တာဖြင့် စတုတ္ထအကြိမ်မြောက် ဆန်၊ဆီ ထောက်ပံ့လှူဒါန်းခြင်း

စတုထ္ထအကြိမ်မြောက် Pacific-AA Group ၏ ရန်ကုန်နှင့် နယ်ရုံးခွဲများရှိ ဝန်ထမ်း ၁၂၀၀ ခန့်တွင် ဝန်ထမ်းတစ်ဦးချင်းစီအား ဧရာဝတီရွှေဘိုပေါ်ဆန်းဆန် တစ်တင်းခွဲ (၂၄ပြည်) ဆန် တစ်အိတ်စီ နှင့် ရန်ကုန်ပဲဆီသန့် (၅) ပိဿာ တန်ဖိုးစုစုပေါင်း ကျပ် ၂,၀၈၇ သိန်းကျော်ထောက်ပံ့ခြင်း အပြင် Living Allowance (ရှားပါးစရိတ်ကို ) ဝန်ထမ်းတစ်ဦးချင်းရရှိသည့် လစာ၏ ၃% မှ ၁၀% နှုန်းဖြင့် (လစဉ်) မေတ္တာဖြင့် ဝန်ထမ်း (၁၂၀၀) အား ထောက်ပံ့ပေးအပ်ခြင်း 🙏🙏🙏

🌾Pacific-AA Group ၏ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ လားရှိုး၊ မြစ်ကြီးနား၊ မုံရွာ၊ မကွေး၊ မော်လမြိုင်၊ ပုသိမ်၊ ပြည်၊ မြိတ်ရုံးများရှိ ဝန်ထမ်းများအားလုံး၏ သက်သာချောင်ချိရေး အတွက် ရည်ရွယ်ပြီး Pacific-AA Group ၏ Management မှ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့တွင် ဝန်ထမ်းအသီးသီးအား ဧရာဝတီရွှေဘိုပေါ်ဆန်း ဆန်တစ်တင်းခွဲ (၂၄ပြည်) တစ်အိတ်စီနှင့် ရန်ကုန်ပဲဆီသန့် (၅) ပိဿာစီအား မေတ္တာဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဝန်ထမ်းအားလုံးအားအတွက် Pacific-AA Group မှ မေတ္တာဖြင့် ထောက်ပံ့ပေးအပ်ခဲ့သည့် ဆန်နှင့် ဆီ စုစုပေါင်း တန်ဖိုးမှာ ကျပ် သိန်းပေါင်း ၂,၀၈၇ သိန်းကျော်ဖြစ်ပါသည်။

🌾အထက်ပါ အခြေခံ စားနပ်ရိက္ခာများ ထောက်ပံ့ခြင်းအပြင် Living Allowance (ရှားပါးစရိတ်ကို) ဩဂုတ်လ ၂၀၂၂မှစတင်၍ ဝန်ထမ်းတစ်ဦးချင်းရရှိသည့် လစာ၏ ၃% မှ ၁၀% နှုန်းဖြင့် လစဉ် တစ်လလျှင် ကျပ်သိန်း၂၆၀ ကျော်ဖြင့် တစ်နှစ်လျှင် ကျပ်သိန်းပေါင်း ၃,၁၂၀ သိန်းကျော်ကို ၎င်းတို့လစဉ်ရရှိသော လစာ၊ ကော်မရှင်၊ target incentive, ၃လပတ်ဆုကြေး၊ နှစ်ကုန်ဆုကြေးများအပြင် ထပ်ဆောင်း၍မေတ္တာဖြင့် ဝန်ထမ်း (၁၂၀၀) အား ထောက်ပံ့ပေးအပ်လျှက်ရှိပါသည်။

✍️Pacific-AA Group၏ ချစ်ခင်ရသောဝန်ထမ်းများအတွက် သက်သာချောင်ချိရေးနှင့် အထောက်အကူဖြစ်စေနိုင်ရန်ရည်ရွယ်ပြီး မေတ္တာတရားရှေ့ထား၍ ဝန်ထမ်းအသီးသီးအား စတုထ္ထအကြိမ်မြောက် ဆန်နှင့်ဆီ ထောက်ပံ့ပေးအပ်ခဲ့သော ကြည်နူးဖွယ် လှူဒါန်းခြင်း ပုံရိပ်များအား ဝေမျှပေးလိုက်ရပါသည် ။ 👏👏👏

#PacificAAGroup #PacificAAFoundation #AAMedicalProductsLtd #PacificMedicalIndustriesLtd #AAMarketingCoLtd #AMTTCoLtd #PacificPSPSyntechCoLtd