MOLNUPAC 200 (Molnupiravir 200mg) အား မြန်မာပြည်နိုင်ငံအတွင်းရှိ နိုင်ငံသားပိုင် Pacific Medical Industries Ltd ဆေးဝါးစက်ရုံမှ မှ branded generic “MOLNUPAC 200”အမည်ဖြင့်ထုတ်လုပ်အောင်မြင်ခြင်းသတင်းကောင်း

MOLNUPAC 200 (Molnupiravir 200mg) အား မြန်မာပြည်နိုင်ငံအတွင်းရှိ နိုင်ငံသားပိုင် Pacific Medical Industries Ltd ဆေးဝါးစက်ရုံမှ မှ branded generic “MOLNUPAC 200”အမည်ဖြင့်ထုတ်လုပ်အောင်မြင်ခြင်းသတင်းကောင်း

✍️ယနေ့ကမ္ဘာတဝှမ်းတွင် Covid-19 ရောဂါ ကူးစက်ပျံ့ပွားမှုနှုန်းသည် နေရာအနှံ့အရှိန်အဟုန်မြင့်တက်နေလျက်ရှိပြီး ကမ္ဘာပေါ်ရှိ လူသားတို့၏ "ကျန်းမာပျော်ရွှင်သော လူနေမှုဘ၀" ကို ခြိမ်းခြောက်လျက်ရှိပါသည်။ Covid-19 သည်အများ သိကြသည့်အတိုင်း ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှစတင်၍ ကမ္ဘာ့နိုင်ငံအသီးသီးသို့ လျင်မြန်စွာ ပျံ့နှံရောက်ရှိပြီး ဗိုင်းရပ်ကူးစက်မှု လှိုင်းလုံးများစွာ ၊ ဗိုင်းရပ်မျိုးကွဲ Variants များစွာနှင့် လူ့အသက်သေဆုံးနိုင်သည်အထိ အန္တရာယ်ပေးလျက်ရှိပါသည်။ Covid-19 ရောဂါမှာ လုံး၀ကင်းစင်ပပျောက်စေရန် အချိန်ကြာလိမ့်ဦးမည်ဟု ယူဆလာကြသည့်အလျောက် ရောဂါနှင့် အတူယှဉ်တွဲနေ ထိုင်ရမည့် နည်းလမ်းများနှင့်တကွ ကုသမှုနည်းလမ်းများကိုပညာရှင်များက စတင်ရှာဖွေလာကြပြီဖြစ်ပါသည်။

✍️ ယခုအခါ ကျွန်ုပ်တို့မြန်မာနိုင်ငံ၏ ကမ္ဘာ့အဆင့်မှီ အနောက်တိုင်းဆေးဝါးစက်ရုံ Pacific Medical Industries Ltd မှ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားပညာရှင်များက အမေရိကန်နိုင်ငံ US FDA မှ Emergency Use Authorization (EUA) အဖြစ်ခွင့်ပြုခဲ့ပြီး “ကမ္ဘာ့ပထမဆုံး Covid-19 ရောဂါကုသဆေး” သောက်ဆေးအဖြစ် UK MHRA (UK's Medicines and Healthcare products Regulatory Agency) မှခွင့်ပြုချက်ရထားသည့် Molupiravir ကို MOLNUPAC 200 အမည်ဖြင့် ပြည်တွင်းမှာပင် အဆင့်ဆင့် research & development ပေါင်းများစွာပြုလုပ်၍ အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဂုဏ်ယူစွာဖြင့် ကြေငြာအပ်ပါသည်။👏👏👏

✍️Pacific Medical Industries Ltd မှ ပြည်တွင်းနှင့်ပြည်ပမှ ခေါ်ယူထားသည့်ကျွမ်းကျင် ပညာရှင်များက မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍအတွက် ရည်ရွယ်၍ Covid-19 ကုသမှုအတွက်ထိရောက်သော နည်းလမ်းများကို အစဉ်တစိုက်လေ့လာ အားထုတ်နေလျက်ရှိရာ Covid-19 ရောဂါအတွက် Anti-viral အနေဖြင့် အသုံးပြုနိုင်သည့် MOLNUPAC 200( Molnupiravir 200mg) သောက်ဆေးအား Covid 3rd Wave အပြီးမှာပင် အဆင့်ဆင့် research & development ပေါင်းများစွာ ပြုလုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ် နှစ်ကုန် မတိုင်ခင်ထဲကပင် Myanmar FDA သို့ ခွင့်ပြုချက်တင်ပြထားခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ ဗြိတိန် နှင့် အမေရိကန် ၊ ဒိန်းမတ်အစရှိသည့်အနောက်နိုင်ငံများသာမက တောင်ကိုရီးယား ၊ စင်ကာပူ ၊ ဖိလစ်ပိုင်နှင့် အိန္ဒယနိုင်ငံ စသည့် အရှေ့နိုင်ငံများတို့တွင်ပါ Covid ကုသဆေးဝါး (သောက်ဆေး)အဖြစ် အသုံးပြုနေကြပြီဖြစ်သော Molnupiravir ဆေးအား MOLNUPAC 200 အမည်ဖြင့် မြန်မာနိုင်ငံ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲမှုဌာန Myanmar FDA မှလည်း ခွင့်ပြုချက် ထောက်ခံစာအမှတ် ( 2302ND002) ဖြင့် ရရှိခဲ့ပြီးဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ထပ်မံကြေငြာအပ်ပါသည်။ 👏👏👏

✍️မြန်မာနိုင်ငံအတွင်းစျေးကွက်တွင် တရားမဝင်နည်းလမ်းများဖြင့်တင်သွင်းရောင်းချနေသော တရားဝင်မှတ်ပုံတင်မရှိသည့် အရည်အသွေးသံသယဖြစ်ဖွယ်ရာ Molnupiravir ဆေးများမှာ စျေးနှုန်း ( သိန်းဂဏန်းကျပ်ကျော်) အလွန်မြင့် မားသည့်အပြင် ဆေးဝါးအရည်အသွေး အာမခံချက်မရှိခြင်းနှင့် ဆေးဝါးအတုများ၏ ဘေးထွက်ဆိုးကျိုး အန္တရာယ်များ မှာ လွန်စွာကြီးမားလှသောကြောင့် မိမိတို့ Pacific Medical Industries Ltd မှ ထုတ်လုပ်အောင်မြင်ခဲ့သော MOLNUPAC 200 (Molnupiravir 200mg) ဆေးအား အကျိုးအမြတ် ပဓာနမထားပဲ ပြည်သူ့ကျန်းမာရေးအတွက်ရှေးရှု၍ လူနာတစ်ဦးစီအတွက် သင့်တင့်မျှတသောစျေးနှုန်း one course (MOLNUPAC 200mg အလုံး ၄၀) စာအတွက် ၃၉,၀၀၀ ကျပ် နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပါသည်။

✍️Pacific Medical Industries Ltd မှ ထုတ်လုပ်လိုက်သော MOLNUPAC 200 နှင့် MOLNUPAC 400 ဆေးတွင် Molnupiravir 200mg နှင့် 400mg ဟူ၍ strength (၂) မျိုးရှိပြီး Anti-viral ဟုခေါ်သော ဗိုင်းရပ်စ်ပိုးသတ်ဆေး အုပ်စုဝင်သောက်ဆေးအမျိုးအစားဖြစ်ပါသည်။ Molnupiravir သောက်ဆေးအား UK MHRA မှ Covid-19 ရောဂါကုသမှုအတွက် ကမ္ဘာ့ပထမဆုံး ကုသဆေး(သောက်ဆေး) အဖြစ် ၂၀၂၁ ခုနှစ် နိုဝင်ဘာ (၄) ရက်နေ့တွင် ခွင့်ပြုပေးခဲ့ပြီး U.S Food and Drug Administration (US FDA) မှလည်း လူကြီးများတွင် သာမန်မှ အလယ်အလတ်အဆင့် Covid-19 ရောဂါကုသမှု အတွက် Emergency Use Authorization (EUA ) အဖြစ် ၂၀၂၁ ခုနှစ်ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။

✍️MOLNUPAC 200 (Molnupiravir 200mg) ဆေးအားအောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သော Pacific Medical Industries Ltd သည် နိုင်ငံတာကာအဆင့်မှီ Manufacturing equipments များကိုအသုံးပြုထားသည့် ခေတ်မှီအနောက် တိုင်းဆေးဝါး စက်ရုံဖြစ်ပြီး အရည်အသွေးပိုင်း ဆိုင်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ Good Manufacturing Practice (WHO’s cGMP) စံစနစ်အတိုင်း လိုက်နာကျင့်သုံး လျက်ရှိသော ဆေးဝါးစက်ရုံဖြစ်ပါသည်။ ထို့အပြင် အမေရိကန်နိုင်ငံ ANAB (ANSI National Accreditation Board မှ ကုန်ကြမ်း/ကုန်ချောများကို တိကျမှန်ကန်အဆင့်မြင့်စွာ အရည်အသွေးစစ်ဆေးခြင်း (ISO Testing and Calibration Laboratories )အတွက် ISO/IEC 17025:2017 Certificate No. AT-3067 အားအောင်မြင်စွာ ရရှိထားခဲ့သည့် ဆေးဝါးစက်ရုံဖြစ်ပြီး မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဆေးဝါးစက်ရုံများထဲတွင် ISO/IEC 17025:2017 Certificate ပထမဆုံးရရှိထား သော၊ တစ်ခုထဲသော ဆေးဝါးစက်ရုံဖြစ်ပါသည်။ အမေရိကန်နိုင်ငံ ANAB (ANSI National Accreditation Board ) မှ ပေးအပ်သော ISO 17025:2017 Certificate အား မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (Myanmar FDA)၏ Pharmaceutical Chemistry Laboratory မှလည်း ရရှိထားပြီး ကျွန်ုပ်တို့၏ Pacific Medical Industries Ltd ဆေးဝါးစက်ရုံမှာ Myanmar FDA ပြီးလျှင် ဒုတိယမြောက်ရရှိခဲ့သော ပြည်တွင်းဆေးဝါးစက်ရုံလည်းဖြစ်ပါသည်။

✍️Pacific Medical Industries Ltd ဆေးဝါးစက်ရုံသည် ယခု ANAB (ANSI National Accreditation Board ) မှ ISO 17025:2017 မရရှိခင်ဟို ယခင်အချိန်ကပင် SIS အဖွဲ့အစည်းမှ Quality Management System အသိအမှတ်ပြု ISO 9001:2015 အား ၂၀၂၀ ခုနှစ် နိုဝင်ဘာ (၅) ရက်နေ့တွင်လည်းကောင်း ၊ မိမိတို့စက်ရုံတွင်အသုံးပြုနေသော ကုန်ကြမ်း/ ကုန်ချောများ ကိုတိကျ မှန်ကန်အဆင့်မြင့်စွာ အရည်အသွေးစစ်ဆေးခြင်း (Testing and Calibration Laboratories ) အားအသိအမှတ်ပြုသည့် ISO 17025:2017 အား၂၀၂၀ ခုနှစ် နိုဝင်ဘာ (၁၁) ရက်နေ့တွင်လည်းကောင်း ရရှိခဲ့ပြီးသော ကမ္ဘာ့အဆင့်မှီဆေးဝါးထုတ်လုပ်ရေးစက်ရုံ လည်းဖြစ်ပါသည်။

✍️ကျွန်ပ်တို့သည် မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ ကျန်းမာရေးကဏ္ဍ အတွက် လိုအပ်ချက်ဖြစ်သော ဆေးဝါးများအား ပြည်တွင်းမှာပင် စံချိန်စံညွှန်းမှီစွာ ထုတ်လုပ်၍ ပြည်သူများအား အချိန်မှီဖြန့်ဖြူးပေးနိုင်ရန် အစဉ်တစိုက်ကြိုးပမ်းလာခဲ့ကြသည် နှင့်အညီ ယခု Covid-19 ၏ ရိုက်ခတ်လာနိုင်ဖွယ်ရှိသော 4th wave အတွက်လည်း ကမ္ဘာ့ပထမဆုံး Covid-19 ရောဂါကုသမှု သောက်ဆေးအဖြစ် ကမ္ဘာ့နိုင်ငံများမှ Emergency Use Authorization (EUA) ခွင့်ပြုချက်ရပြီးဖြစ်သော Molnupiravir 200mg/400mg အားအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ခြင်းမှာ မြန်မာပြည်ရှိ ကျန်းမာရေးကဏ္ဍအတွက်လည်း အကျိုးကျေးဇူးများစွာ ရရှိပြီး ဝမ်းမြောက်ဂုဏ်ယူဖွယ်ဖြစ်သည်ဟု ယုံကြည်မိပါသည်။

✍️မြန်မာပြည်တွင်းရှိနိုင်ငံသူနိုင်ငံသားများအနေဖြင့်လည်း စစ်မှန်သော အရည်အသွေးပြည့်၀သော နိုင်ငံတကာ စံချိန်စံညွှန်းမှီ MOLNUPAC 200 ဆေးဝါးအား မိမိတွင် Covid ရောဂါကူးစက်ခံရ၍ ကုသပေးနေသော ဆရာဝန်မှ MOLNUPAC 200 ဆေးအားညွှန်ပါက ဆရာဝန်ဆေးညွှန်းစာဖြင့် AA Medical Products Ltd ၏ အောက်ပါ ဖုန်းနံပါတ်နှင့်လိပ်စာများ အားဆက်သွယ် နိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။

✍️MOLNUPAC 200 (Molnupiravir 200mg) သောက်ဆေးမှာယူလိုပါက Viber ဖုန်းနံပါတ် 📞09-445023342 📞09-445023362 📞09-445023372 📞09-445023336 📞09-455121895 များ သို့ ဆရာဝန်ဆေးညွှန်းစာ ပို့ပြီး အဆိုပါ Viber နံပါတ်များမှ လမ်းညွှန်မှုအတိုင်း ရယူနိုင်သည့်အပြင်

✅ရွှေမင်္ဂလာစျေးတွင် ဖွင့်လှစ်ထားသော ဆေးဆိုင် အမှတ် တ-၁၆၁ နှင့် တ-၁၆၂ ၊ တတိယထပ် ရှိ AA Medical Products Ltd wholesale ဆိုင် ဖုန်းနံပါတ် 09-420151507 ၊ 09-421040995 သို့ဖြစ်စေ

✅ဗိုလ်ချုပ်စျေးသစ်တွင် ဖွင့်လှစ်ထားသော ဆေးဆိုင်အမှတ် (၄၂၃ ) Junction City ဘေး ၊ မြေညီထပ် ရှိ AA Medical Products Ltd wholesale ဆိုင် 09-795971138 သို့ဖြစ်စေ ဆက်သွယ်စုံစမ်းမှာယူနိုင်ပါသည်။

နယ်မှဝယ်ယူလိုသူများအနေဖြင့် ဆရာဝန်ဆေးညွှန်းစာဖြင့်အောက်ပါ ဖုန်းနံပါတ်များကိုဆက်သွယ်ဝယ်ယူနိုင်ပါသည်။

📌Mandalay - 09-259050377, 09-444638808 Address - No 233,Corner of 26th x 82 th Street, Chan Aye Thar Zan ,Mandalay. Ph : 02-72805,30040,30041,31291, 02-30723,30724,30725

📌Monywa - 09-400407394 Address - No. 5/6, Thit Sar Street, Phone Soe Ward, Monywa Ph : 071-26553, 26554

📌Nay Pyi Taw - 09-963332660 Address - Za/21, Ziwaka Room, Tha Pyay Kone Market, Zabuthiri Tsp, Naypyitaw. Ph: 067-8108186 - 87

📌Tanggyi - 09-428328482 Address - No.188, Shwe Hinthar Road , Nyaung Shwe Hawkone Ward, Taunggyi Ph: 081-201762,201763

📌Lashio - 09-776874759 Address - No. 20, Hninsi 2nd Street, 1st Ward, Lashio. Ph : 082-2203920

📌Myitkyina- 9-798184320 Address : No. 53, Aung Mingalar Street, Aung Nan Ward, Myitkyina. Ph : 074-21161,20473

📌Magway - 09-790710415 Address : No.B/122, Lanamdaw 1st Street, Sar Se Ward, Magway. Ph : 063-25334,25383,25347,25523

📌Pathein - 09-422482673 Address : No. 716,Sakawar Street, 3rd Ward, Pathein. Ph : 042-23764,23245

📌Pyay -09-423706840 Address - No. 79, Pansodan Street , Shwe Ku Ward, Pyay. Ph : 053-24843

📌Mawlamaying - 09-425268289 Address - No. 14, Yadanar Street, Mayangon Ward, Mawlamying. Ph : 057-27370,27371,25789

📌Myeik - 09-254099039 Address - No. 89, Myat Yar Zar Street, Aye Chan Thar Yar Ward, Myeik. Ph : 059-42935,42813

📞MOLNUPAC 200 (Molnupiravir 200mg) ဆေးဝါးနှင့်ပတ်သတ်၍ ဆေးဝါးအကြောင်းပိုမို သိရှိလိုပါက 095135744, 095117169, 095135742, 09425751897 စသည့်ဖုန်းနံပါတ်များသို့ဆက်သွယ်နိုင်ပါသည် ။

မြန်မာပြည်သူပြည်သားအားလုံး ကျန်းမာသုခ ပြည့်၀၍ Covid-19 ရောဂါကူးစက်မှုအန္တရာယ်မှကင်းဝေးပါစေကြောင်း မိမိတို့ AA Medical Products Ltd, Pacific Medical Industries Ltd တို့မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် ..။🙏🙏🙏

#MOLNUPAC #Molnupiravir #AAMedicalProductsLtd #PacificMedicalIndustriesLtd